29 Oct
29Oct


မျက်နှာဖုံးများနဲ့ ခရစ်ယာန်(၁)

            • မနက်ဖြန်ဆိုရင်အလုပ်မှာ Halloween ပွဲတော်ကိုကြိုဆိုတဲ့အနေနဲ့ မည်သူမဆို Halloween ပွဲတော်နဲ့သက်ဆိုင်တဲ့ dress တွေဝတ်ပြီး Party လုပ်ဖို့ ကိုယ့်အထက်လူကြီးတွေက ပြောလာတယ်။

Halloween ပွဲတော်ဟာ... အမေရိကန်နှိင်ငံရဲ့နှစ်စဉ်နှစ်တိုင်း October 31 နေ့မှာကျင်းပတဲ့ပွဲတော်တခုပါ။ သရဲပွဲတော်လိုလဲခေါ်တယ်။တချို့ကကြောက်စရာကောင်းတဲ့မျက်နှာဖုံးတွေ နဲ့ ကျင်းပကျတယ်။ အဓိကတော့သေလွန်ပြီးသောဝိညာဉ်တွေနဲ့ကျင်းပတဲ့ရိုးရာပွဲတခုပေါ့။

    ✓               ဒီနေ့ဟာ သရဲများနေ့ပေါ့....ကျနော့်ကိုဝိုင်းပြီးမေးကြတယ်

"ဘာလို့ မပြင်ဆင်ခဲ့တာလဲ dress မလုပ်တာလဲ"

တိတ်ဆိတ်စွာနဲ့နေခဲ့တယ်။ အနားယူတဲ့အချိန်(break time)ရောက်တော့ coffee သောက်ဖို့တန်စီးနေတုန်း

နောက်ကတယောက်(သူငယ်ချင်း) က

"ဟေ့... ဘာလို့ dress မလုပ်တာလဲ" လို့မေးတယ်

ဒါနဲ့ကျနော်ကဖြေလိုက်မိတယ်

"I am Christian " ကျနော်ဟာခရစ်ယာန်တယောက်ပါလို့ဖြေလိုက်တယ်။

သူက ကျနော့်ကို...အံသြစရာကောင်းတဲ့လူတယောက်လိုကြည့်ပြီး.... ပြန်ဖြေလိုက်တယ်။

သူဖြေလိုက်တဲ့အဖြေကတော့

" I am Christine also " တဲ့ ငါလည်းဘဲ ခရစ်ယာန်တယောက်ပါတဲ့။

သူ့ကို ကျနော်ကြည့်လိုက်တဲ့ အခါ

သူ့ မျက်နှာမှာ အင်မတန်မကြောက်စရာကောင်းတဲ့ အရိုးခေါင်း မျက်နှာဖုံးရယ်

သူ့ရဲ့ တကိုယ်လုံးက အနက်ရောင် ဝတ်စုံနဲ့ သူ့ရဲ့လက်မှာက မီးတောက်လိုဓါးတလက်နဲ့ ကိုင်ထားတာကို 

ကျနော်တွေလိုက်တယ်။

ကျနော့်အမြင်မှာ... သူဟာကြောက်စရာကောင်းနေတယ်။

သူပြောတာကတော့

" I am Christine also " တဲ့ ငါလည်းဘဲ ခရစ်ယာန်တယောက်ပါတဲ့။


ဒီနေ့ ခရစ်ယာန်လောကမှာ 

•ဘုရားသားသမီးတွေဖြစ်ပြီး... ဘုရားပုံက မတွက်

•ဘုရားသားသမီးတွေဖြစ်ပြီး.....သူများအမြင်မှာလောဂီသားတွေနဲ့နင်လား/ ငါလား

•ဘုရားသားသမီးတွေဖြစ်ပြီး....ဘုရားဘုန်းတော်ကမထင်ရှား

( မျက်နှာဖုံးများနဲ့ခရစ်ယာန်များ)


မိတ်ဆွေ

မိမိကိုယ်ကို ပြန်လည်စမ်းစစ်ဖို့ လိုအပ်နေပြီ။

တကယ် ကယ်တင်ခြင်းစိတ်ချပြီလား?

ချီဆောင်ခြင်းက မကြာတော့ဘူးနော်။


ရှင်မသာဲ ၅:၁၆

ထိုနည်းတူ၊ သူတပါးတို့သည် သင်တို့၏ကောင်းသော အကျင့်ကိုမြင်၍ ၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော  သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်း ငှါ၊ သူတပါးရှေ ့၌သင်တို့အလင်းကိုလင်း စေကြလော့။


16 In the same way, let your light shine before others, so that they may see your good works and give glory to your Father who is in heaven.


Matthew 5:16 | ESV


Credit; Mr.B



















ကျနော်တွေလိုက်တယ်။


သူပြောတာကတော့









မိတ်ဆွေ






ရှင်မသဲာ ၅:၁၆




Matthew 5:16 | ESV